fbpx

  • English
  • ဗမာစာ

ကျွန်ုပ်တို့ အကြောင်း

စားသုံး သူများ အတွက် အဓိကထား ထုတ်လုပ်ထားပြီး ဈေးကွက် ထဲသို့ ဝန်ဆောင် မှုအကောင်းဆုံး နှင့် ဈေးကွက်အတွင်း လိုအပ်မှုများကို မြှင့်တင်ပေးရန် ကြိုးစားနေပါသည်။ Royal Manufacturing Co.,Ltd ၏အဓိက ရည်ရွယ်ချက်မှာ သန့်ရှင်းပြီး အရသာ ကောင်းသော ပစ္စည်းများကိုသာ ထုတ်လုပ်ပါသည်။ စားသုံးသူတို့အတွက် ကျန်းမာရေးနှင့် ညီညွတ်သော ပစ္စည်းများသာ သုံးစွဲထားပြီး စားသုံးသူတို့ ဝယ်ယူ အားပေးမှုကို လုံခြုံစိတ်ချစွာ ပို့ဆောင်ပေးသည့်စနစ်များ ထားရှိပါသည်။

QUALITY FIRST, CUSTOMER PRIORITY, REASONABLE PRICE

Royal Manufacturing Co.,Ltd ကို 2009 မှ စတင်တည်ထောင်ခဲ့သည်။ အဓိက နို့နှင့် အချိုရည်ကို ရောင်းချသောကုမ္ပဏီ ဖြစ်သည်။ Royal Manufacturing Co.,Ltd သည် ရန်ကုန်တွင် ပင်မ စက်ရုံတည်ရှိပြီး မန္တလေး၊ စစ်တွေ ၊ ကော့သောင်း မြို့များတွင် ရုံးခွဲများထားရှိကာ မြန်မာပြည် တစ်ပြည်လုံးသို့ ဖြန့်ဖြူး နေပါသည်။

၂၀၁၇

စက်တင်ဘာလ

2017 စက်တင်ဘာလတွင် စားသုံးသူတို့အတွက် လိုအပ်သော စွမ်းအင်ကို ပြန်လည် ဖြည့်ဆည်းပေးမည့် Power Fresh အားဖြည့်အချိုရည် အသစ်ကို ထုတ်လုပ်ဖြန့်ချိခဲ့ပြီး 2019 ခုနှစ်တွင် Power Fresh Cola အားဖြည့်အချိုရည်ကို ဈေးကွက်အတွင်း အရည်အသွေး ကောင်းမွန်စွာဖြင့် ထပ်မံထုတ်လုပ် ဖြန့်ချိခဲ့ပါသည်။

၂၀၁၄

စက်တင်ဘာလ

2014 စက်တင်ဘာလတွင် အရသာကောင်းမွန်သော အချိုရည် စတော်ဘယ်ရီ ၊ လိမ္မော် ၊ လိုင်ချီး ၊ နာနတ် ၊ သီးစုံ စသော အရသာ (၅) မျိုးကို ထပ်မံတိုးချဲ့ ထုတ်လုပ်ခဲ့ပါသည်။

၂၀၁၀

ဖေဖော်ဝါရီလ

2010 ဖေဖော်ဝါရီလတွင် စားသုံးသူတို့အတွက် ကျန်းမာရေးနှင့် ညီညွတ်ကောင်းမွန်သည့် ဒီဒီနို့ဒိန်ချဉ် ကို စတော်ဘယ်ရီ ၊ နို့ ၊ လိမ္မော် ၊ ပင်မှည့်စသော အရသာ (၄ ) မျိူး နှင့် စတင်မိတ်ဆက်၍ ထုတ်လုပ်ခဲ့ပါသည်။